အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုး စုံစိုက်ဧကများအတွင်း နေကြာသီးညှပ်စိုက်ပျိုးနိုင်ရန် တောင်သူများအားနေကြာမျိုးစေ့များပေးအပ်ပွဲကို အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ အတည်ပြု လူနာပေါင်း (၆၃၈) ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၅၇၆) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Sep 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းအား ယနေ့ နံနက် ၈ နာရီအချိန်ခန့်က နမ့်ပန်ခန်းမဆောင်ရှေ့ အများပြည်သူ အသွားအလာများသည့် နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ပထမရက်အဖြစ် တံတားဦးမြို့ အမှတ်(၃)ရက်ကွက် သုခိတ ကမ္ဘောဇဗိမာန်တွင် ထိုးနှံပေးလျက်ရှိသည်။
Sep 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်း က သီပေါမြို့နယ်သိမ်တောင်ပေါ်ရှိဘုန်းကြီးကျောင်းများသို့ သွားရောက် လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက် ၉ နာရီက ရှမ်းဒွတ်ကျေးရွာ၊ မူလွန်ကျောင်း၌ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။