ချောင်းဆုံ စက်တင်ဘာ ၂၇
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်တစ် ခါမျှမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက်တွင်လည်း ဆေးထိုး စုရပ် အသီးသီး ၌ ဆေးထိုးကာလ (၁၂)ရက်အတွင်း (၂၀၇၇၆)ဦးအားထိုးနှံပေးပြီးဖြစ် သည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၁၅)နေရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ် တစ်ခါမျှ မထိုးနှံရသေးသည့် သာသနာ့အနွယ်ဝင်များ၊ အသက်၅၅နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်း သူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများအပါအဝင် ဦးစားပေးအလိုက် သတ်မှတ်ပြီး ပြည်သူများအား နေ့စဉ် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး စုရပ်တစ်ခုတွင် လူဦးရေ (၁၅၀)ဦး စီဖြင့် တစ်မြို့နယ်အနေဖြင့် လူဦးရေ (၂၀၀၀)ကျော်အား ပုံမှန်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်လျော့နည်း ကျဆင်းရေး အတွက် မြို့နယ်အတွင်းရှိ တာဝန်ရှိ သူများက ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ပူးပေါင်းပြီး ကာကွယ်ဆေးထိုး လုပ်ငန်းကိုလည်းကောင်း၊ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် တစ်ရက်လျှင် လူဦးရေ(၂၀၀၀)ကျော်အား ပုံမှန်စစ်ဆေးခြင်းလုပ်ငန်းကိုလည်းအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)