(၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံတွဲခရိုင်ဆေးရုံ သွေးလှူဘဏ်သို့ သွေးအလုံး(၅၀)စုပေါင်းလှူဒါန်း

 သံတွဲ     စက်တင်ဘာ ၂၇

 

၂၀၂၁ခုနှစ် ၊အောက်တိုဘာ ၁ရက်နေ့တွင်ကျရောက်မည့် (၅၇)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်က သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ စုပေါင်း၍သံတွဲခရိုင်ဆေးရုံ သွေးလှူဘဏ်သို့ သွေးအလုံးပေါင်း(၅၀) လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

 

ထိုသို့ဂုဏ်ပြုစုပေါင်းသွေးလှူရာတွင်  သံတွဲခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ၊ သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၃၂)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ၊အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ သံတွဲမြို့မစခန်းမှတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ များစုပေါင်း၍  သံတွဲခရိုင်ဆေးရုံ သွေးလှူဘဏ်သို့  သွေးအလုံးပေါင်း (၅၀)ကိုလှူဒါန်းခဲ့ကြောင်း ၊အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယတပ်ဖွဲ့စုမှူး ရဲအုပ်သန်းစိုးအောင်ထံမှသိရှိရသည်။

 

အဆိုပါဂုဏ်ပြု သွေးလှူရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ၊အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ရွှေနှင့် အမှတ်(၃၂) လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲမှူးကျော်ကျော်တို့ တက်ရောက်အားပေးကြပြီး သွေးလှူဒါန်းသောတပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စွတ်စာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)