ရွှေကျင် စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုး စုံစိုက်ဧကများအတွင်း နေကြာသီးညှပ်စိုက်ပျိုးနိုင်ရန် တောင်သူများအားနေကြာမျိုးစေ့များပေးအပ်ပွဲကို အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ အဖွင့်အမှာစကား ပြောကြား ပေးပြီး စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးမှ (၂၀၂၁-၂၀၂၂) ခုနှစ်တွင် ရွှေကျင် မြို့နယ်၏ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံစိုက်ဧကများအတွင်း နေကြာသီးညှပ်စိုက်ပျိုး၍ စားသုံးဆီဖူလုံမှု ဖူလုံပိုလျှံစေရန်အတွက် ရွှေကျင်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ဧက(၄၀၀)ဧကအတွက် တစ်ဧကလျှင်(၂)ပြည်နှုန်းဖြင့် ပဲမျိုးစုံကြားနေကြာသီးညှပ်စိုက်ပျိုးပုံများအား အသေးစိတ် ရှင်းလင်းပြောကြားပေးသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အေးချမ်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူး တင်အောင်မြင့်ဦးနှင့် တာဝန်ရှိသူများက စိုက်ပျိုးကြမည့် တောင်သူများအား (ဆင်းရွှေကြာ-၂၊ စပ်မျိုး နေကြာ) မျိုးစေ့များအား ပေးအပ်ခဲ့ကြသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)