ကွန်ဟိန်းမြို့၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကွန်ဟိန်း စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းအား ယနေ့ နံနက် ၈ နာရီအချိန်ခန့်က နမ့်ပန်ခန်းမဆောင်ရှေ့ အများပြည်သူ အသွားအလာများသည့် နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်း လက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ နိုင်ငံသားစိစစ် ရေးကတ်ပြားလျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းနှင့် လိုအပ်ချက်များ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အစရှိသည့်အချက််များ ပြည့်စုံစွာဖော်ပြထားပါသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား မြို့နယ်အတွင်းရှိပြည်သူများ ပန်းခင်းစီမံချက် ဆောင်ရွက်ပေး နေမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ကွန်ဟိန်းမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးကျော်ဝင်းနှင့် ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ပြည့်(ပြန်/ဆက်)