ပန်းတောင်း စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော Volunteer များအား စားစရိတ်(၁)လစာနှင့် စက်သုံးဆီကုန်ကျစရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သော Volunteer များအား စားစရိတ်(၁)လစာနှင့် စက်သုံးဆီကုန်ကျစရိတ် များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူး ကျော်ညီ၊ ဦးအေးကြိုင်၊ ဦးကျော်ဝင်းနှင့် အတွင်းရေးမှူး ရဲမှူး စောမြင့်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)