Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ
Sep 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် လူသွားလူလာများ သည့် နေရာများတွင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 28,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေးဌာနစုရပ် (၁)နေရာတို့တွင် ယနေ့နံနက် (၁၀)နာရီက ဆက်လက်ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
(၁၅) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းတနော်မြို့ ၌ ခွေးရူးပြန် ရောဂါကာကွယ်ဆေး အခမဲ့လိုက်လံ ထိုးနှံပေး
Sep 28,2021
(၁၅) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းတနော် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအလိုက် ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အခမဲ့ လိုက်လံ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်သုံးနေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် အိမ်မွေးတိရစာ္ဆန် ခွေး၊ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တိရစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ယနေ့ စက်တင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားမှုမရှိစေရေး အတွက် အိမ်မွေး တိရစာ္ဆန် ခွေး၊ ကြောင်များအား ယနေ့နံနက်(၉)နာရီမှ စတင်၍ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတအသင်းများသို့ ကိုဗစ် ၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတလူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက် သိမှတ်ဖွယ်ရာများလက်ကမ်းစာစောင်ဖြန့်ဝေ
Sep 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အရ မြန်မာနိုင်ငံသားများဖြစ် ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာရွေးချယ်
Sep 28,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် သောကျေးရွာများပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အစိမ်းရောင်ကျေး လက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရာ ထိုကျေးရွာများထဲမှ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ စံပြကျေးရွာ ရွေးချယ်နိုင်ရေးအတွက် တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်နှင့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့ နယ်၊ မရမ်းချိုကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25387
Page
25388
Page
25389
Page
25390
Current page
25391
Page
25392
Page
25393
Page
25394
Page
25395
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department