ပုလော စက်တင်ဘာလ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက် ၉ နာရီက ရှမ်းဒွတ်ကျေးရွာ၊ မူလွန်ကျောင်း၌ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို တတိယအသုတ် ပထမအကြိမ်ကို ရပ်ကွက်/ ကျေးရွာအသီးသီးတွင် သတ်မှတ်ရက်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး၊ အဆိုပါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည် များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများကို တတိယအကြိမ် ပထမအသုတ် ထိုးနှံဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ်၌ ကျား (၁၄၅၆) ဦး၊မ(၂၂၅၄) ဦး စုစုပေါင်း (၃၇၁၀) ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)