တံတားဦးမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

တံတားဦး  စက်တင်ဘာ ၂၇

 

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ပထမရက်အဖြစ် တံတားဦးမြို့ အမှတ်(၃)ရက်ကွက် သုခိတ ကမ္ဘောဇဗိမာန်တွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမှာ Sinopharm အမျိုးအစားဖြစ်ကြောင်း အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ၊ မသန်စွမ်းသူ များ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး  ကူးစက်ရောဂါမရှိသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်  ဦးစား ပေးအဆင့်အလိုက် ကျန်ရှိသူများအား ကျန်းမာရေးဦးစီးဌာနမှ   ထုတ်ပြန်ထားထားသည့် စည်းကမ်းများနှင့်အညီ  ထိုးနှံပေးပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ရှင်ဝန်ထမ်းက  လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ  ပုံမှန်အနေအထားရောက်ရှိမှသာလျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး  မိနစ်(၃၀)ခန့် အနားယူခြင်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည် ။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ တံတားဦးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြမ်မှုဖြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုကြပြီး အားပေးစကားပြောကြားကြောင်းသိရသည် ။

 

ရဲတင့်(တံတားဦး)