သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၇၆) ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်

 

သရက်ချောင်း  စက်တင်ဘာ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ အတည်ပြု လူနာပေါင်း (၆၃၈) ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၅၇၆) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းနှင့်   လည်ချောင်းနာခြင်း စသည့်လက္ခဏာများကြောင့် လာရောက်ပြသသည့် ပြင်ပမှ လူနာများအား (တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့) များတွင် တာဝန်ခံဆရာဝန် ဒေါက်တာဝင်းဇော်ဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT (Test-Kit) ဖြင့် အပတ်စဉ် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများအား မြို့နယ်အားကစားခန်းမနှင့် ပြည်သူ့ ဆေးရုံနေရာများတွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးဝါးကုသမှုခံယူနေစဉ် ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသူများအား ဆေးရုံ ဆင်းခွင့်ပြုခဲ့သူများအား မိမိနေအိမ်တွင်လည်း Home Quarantine  (၇) ရက်တိတိ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သီးခြားနေထိုင်ကြရန် သတိပေး မှာကြားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

သရက်ချောင်း မြို့နယ်တွင်  ယမန်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၃၈) ဦး၊ ဆေးဝါး ကုသမှုခံယူနေသူ (၂၈) ဦး၊ သေဆုံးသူ (၃၁) ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူ (၅၇၆) ဦး ရှိပြီဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


 

​ကေခိုင်ဝင်း (သရက်ချောင်း)