အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ မိသားစုများနှင့် Stay Homeမိသားစုများအား ယနေ့ နံနက် ၁၀နာရီ အချိန်က  အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (ဒုတိယအသုတ်) ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတို့ ပူးပေါင်း ၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နည်း လမ်းများကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
Sep 27,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စက်တင်ဘာ ၂၇ရက် နံနက် ၉နာရီက ဒုတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ နံနက်(၈) နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌လည်းကောင်း၊ နံနက်(၉) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သာသနပါလ ဓမ္မရိပ်သာ (မြိတ်)ကျောင်း၌ လည်းကောင်း၊ နံနက်(၁၀) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သတ္တသတ္တာဟ “ပွင့်” စေတီဓမ္မာရုံ၌ လည်းကောင်း အသီးသီးကျင်းပခဲ့သည်။
Sep 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးရွာမြေငှားဂရန်များပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မယ်ဆတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Sep 27,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ဒုတိယနေ့ ထိုးနှံပေးခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။