နေပြည်တော် စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ နံနက်(၈) နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌လည်းကောင်း၊ နံနက်(၉) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သာသနပါလ ဓမ္မရိပ်သာ (မြိတ်)ကျောင်း၌ လည်းကောင်း၊ နံနက်(၁၀) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သတ္တသတ္တာဟ “ပွင့်” စေတီဓမ္မာရုံ၌ လည်းကောင်း အသီးသီးကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် လှူဒါန်းပွဲ အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ် အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များနှင့် သီလရှင် ဆရာကြီးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်းအမျှ ပေးဝေကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ သာသနပါလဓမ္မရိပ်သာ (မြိတ်)ကျောင်းသို့ရောက်ရှိပြီး နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ် အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် သတ္တသတ္တာဟ “ပွင့်” စေတီဓမ္မာရုံ သို့ရောက်ရှိပြီး နေပြည်တော်၊ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာကျောင်းတိုက် ပဓာနနာယက၊ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသာမိမထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဧည့်ပရိတ် သတ်များက ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန် တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေ ကြသည်။
ယနေ့လှူဒါန်းရာတွင် နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၆၉ ကျောင်း၊ သီလရှင်ကျောင်း ၁၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သာမဏေ ၁၁၀၃ ပါး၊ သီလရှင် ၂၆၆ ပါးတို့အတွက် ဆွမ်းဆန်တော် ၄၈၄ အိတ်၊ ဆီ ၁၃၉၀ ပိသာ၊ ပဲ၇၂၅ပိဿာ၊ ဆား ၇၂၅ ပိဿာတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)