ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုအား နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် စက်တင်ဘာ(၂၅)ရက်နေ့၌ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် နေထိုင်ကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း(၂၀၁၀)ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ လာရောက် စစ်ဆေးကြသည့် ဝန်ထမ်းများအား နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးကာ ရင်းရင်းနှီနှီး အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)