ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 

ကျွန်းလှ စက်တင်ဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (ဒုတိယအသုတ်) ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (ဒုတိယအသုတ်) ထိုးနှံပေးရာတွင် သာသနာ့ အနွယ်ဝင်များ၊ အသက် ၆၅ နှစ်နှင့်အထက်ဘိုးဘွားများ၊ အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ ရပ်ကွက် ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်ပြည်သူများ၊ ဦးတည်အုပ်စု၌ ပါဝင်သူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ၁၅၅၀ ဦးထိုးနှံပြီးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိ သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးစီးဌာနနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

 

မျိုးဝင်းညို