ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများ အား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

 

ပေါင်    စက်တင်ဘာ ၂၇

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စက်တင်ဘာ ၂၇ရက် နံနက် ၉နာရီက ဒုတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂၆ ရက်နေ့အထိ စုရပ် (၁၀)နေရာ၌ ပြည်သူလူထု (၃၁၀၀၀)အား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောထိုးနှံနိုင်ခြင်းမရှိသည့် ပြည်သူများအား စက်တင်ဘာ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၊ မုတ္တမတိုက်နယ်ဆေးရုံနှင့် ရင်းငြိမ်အ.ထ.ကကျောင်းများ၌ ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ် () နေရာ သတ်မှတ်ကာ သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ အသက် ၅၅ အထက်ရှိသူများနှင့် ပြည်သူများကို ဦးစားပေး သတ်မှတ်ချက်အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးကြသည်။

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း နှင့်အဖွဲ့ဝင်မှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးထိုးနှံ နေသူများအား အားပေးစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

 

ဝဏ္ဏမောင်(ပြန်/ဆက်)