မေတ္တာ စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ မိသားစုများနှင့် Stay Homeမိသားစုများအား ယနေ့ နံနက် ၁၀နာရီ အချိန်က အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မေတ္တာမြို့ အမှတ်(၁/၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာမိသားနှင့် ၄င်းလူနာနှင့်ထိတွေ့မိ၍ Stay Home နေထိုင်ရသောမိသားစု(၂)စုတို့အား အိမ်ထောင်စု (၁)စုလျှင် ဆန်(၁၂)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥခေါက်ဆွဲ(၂) ထုပ်၊ အချို မုန့်(၁)ထုပ်၊ ၆လုံးတွဲ ငါးသေတ္တာ (၁)ကတ်၊ ၊ပဲ(၁)ပိသာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မိသားစုဝင်များအား ထောက်ပံ့ရာတွင် မေတ္တာမြို့အမှတ်(၁/၂)ရပ်ကွက် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသော လူနာများနှင့် Stay Home နေထိုင်ရသောမိသားစုများအား ကူညီ ထောက်ပံ့ရေးကော် မတီအဖွဲ့ဝင်များက လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ပြီး မေတ္တာမြို့တွင်စက်တင်ဘာလ (၂၇)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၂၆) ဦးရှိပြီး သေဆုံးလူနာ(၇)ဦးရှိကြောင်း မြို့ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နန်းခလိုက်(မေတ္တာ)