မိုင်းဆတ်မြို့၌ ကျေးရွာမြေငှားဂရန်များပေးအပ်ပွဲကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးရွာမြေငှားဂရန်များပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မယ်ဆတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဒေသခံပြည်သူများ၏ ရေရှည် အကျိုးအတွက် မြေငှားဂရန်များဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊  မြေငှားဂရန်များ လက်ဝယ်ရောက်ရှိပါက စနစ်တကျသိမ်းဆည်းထားရန်နှင့် မြေငှားဂရန်အား ပလပ်စတစ်လောင်းခြင်း မပြုလုပ်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင်ထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးစိုင်းမွန်းဆေသောင်းနှင့် တာဝန်ရှိသူတို့က ကျေးရွာမြေငှားဂရန်များကို ဒေသခံပြည်သူ(၈၀)ဦး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ပြည်သူများကိုယ်စား  ဦးစံထိုင်းက  ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

   မြင့်မောင်(မိုင်းဆတ်)