မိုးညှင်းမြို့၌ (၅၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုးညှင်း စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 အဆိုပါ ဆောင်ရွက်ရာ၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုအကျိုးပြု လုပ်ငန်းများအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မိုးညှင်းခရိုင် ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်မျိုးဦး ဦးဆောင်သည့် ခရိုင်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောဖိုးထူးနှင့် တပ်ဖွဲ့ဝင်များ၊ အတူနေမိသားစုဝင်များ စု‌စုပေါင်းအင်အား(၁၁၆)ဦးတို့က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ အမှိုက်များလှဲခြင်း၊ သစ်ပင်၊ ချုံနွယ်များနှင့် မြက်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)