ဝါးခယ်မ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ဝါးခယ်မ စက်တင်ဘာ ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကလိပ်ကျုံပတုပ် ကျေးရွာအုပ်စုမှ‌ ကျေးရွာနေပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး နိုင်ရေးကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ အဆိုပါရုံး၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကလိပ်ကျုံပ တုပ်ကျေးရွာအုပ်စုမှ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့်(၁၅)ကတ်၊ အသက် (၁၈) နှစ်ပြည့်(၂၃)ကတ်၊ လဲလှယ်(၇) ကတ်၊ စုစုပေါင်း (၄၅)ကတ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဝါးခယ်မမြို့နယ်အတွင်း ရပ်ကွက်(၁၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၂၆)အုပ်စု ရှိပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသော ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)