သင်္ဃန်းကျွန်း စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ''အုတ်တစ်ချပ် သဲတစ်ပွင့် ''ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်ကုသရေး စင်တာတွင် ကိုဗစ်-၁၉ ဖြင့် တတ်ရောက်သူဦးရေ ၁၀၀ ဦး ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ ခုနှစ်ဦးရှိနေပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
ဆေးကုသခအပြင် နေထိုင်စားသောက်မှု အားလုံးကိုပါ အခမဲ့မေတ္တာဖြင့် ကုသစောင့်ရှောက် ပေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်နေပြီးဟု သံသယဖြစ်လာပါက လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေး အားလုံးကို နွေးထွေးစွာ ကုသစောင့်ရှောက် ပေးနေကြောင်းနှင့် လူနာတတ်ရောက်ခွင့်ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းလည်း သိရသည်။
လူနာများအတွက် လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် အရည်အသွေးမြင့် ပုဂ္ဂလိက ဓာတ်ခွဲခန်းတွင် အခမဲ့စစ်ဆေးပေး မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စင်တာတွင် ပထမအဆင့်အနေဖြင့် ကိုဗစ်လူနာအယောက် ၂၀၀ ကို အရင်ဆုံး လက်ခံ ကုသပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လူနာ ၃၀၀၊ စုစုပေါင်းလူနာ ၅၀၀ ကို လက်ခံ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)