မိုင်းယု စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ အသက်(၅၅) နှစ်အထက် သက်ကြီးဘိုးဘွားများကို ယနေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ပထမအကြိမ် ထိုးနှံပေးရာတွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုး၏ကြီးကြပ်မှုဖြင့် ကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးလာရောက်ထိုးနှံကြသည့် မြို့မရပ်ကွက်မှ(၂၆)ဦး၊ တာကြန့်ကျေးရွာအုပ်စုမှ(၂၁)ဦး၊ ဒွန်းနွဲ့ကျေးရွာအုပ်စုမှ(၁၀)ဦးနှင့် မိုင်းလွေကျေးရွာ အုပ်စုမှ (၈)ဦး၊ စုစုပေါင်း အသက်(၅၅)နှစ်အထက် အဘိုးအဘွား (၆၅)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်များ တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဆေးထိုး နှံခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်မြေခံစခန်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကျေးစာရေးများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးကာ ကြည့်ရှု့ အားပေးခဲ့ကြပြီး ဆေးထိုးရန် ကျန်ရှိနေသေးသည့် သက်ဘိုးဘွားများကိုလည်း ကျေးရွာအရောက် လိုက်လံထိုးနှံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင် (မိုင်းယု)