မောက်မယ် စက်တင်ဘာ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက်သွယ်နိုင်ရန်အတွက် ပန်းခင်းစီမံချက်ဆိုင်းဘုတ် ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံးပေါင်းစုံရှေ့မျက်နှာစာ၌ စိုက်ထူခဲ့သည်။
အဆိုပါ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် နှင့် အဖွဲ့ဝင်များ၊ တက်ရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းစိုးစိုးလွင်နှင့် ဝန်ထမ်းများတို့က စုပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)