ထားဝယ်မြို့တွင် "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ခြင်း နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားရှိမှု

 

တနင်္သာရီတိုင်း​​ဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်  တိုင်း​ဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား‌ထားသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို အသီးသီး ပေးအပ်ခဲ့ကြပါတယ်။

"ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခဲ့ခြင်းနှင့်ပတ်သက်လို့ တွေ့ဆုံမေးမြန်းထားရှိမှုများကို ခုလို တင်ပြပေးလိုက်ရပါတယ်။ ဦးကျော်ကျော်နိုင်  (မြို့နယ်ဦးစီးမှူး) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံး။ ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တိုင်း​ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊တက်ရောက်ချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။

" ပန်းခင်း " စီမံချက်ဖြင့်ထားဝယ်မြို့၊ဆင်ဆိပ်ရပ်ကွက်မှာ (၅)ရက်ကြာကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဲ့လိုဆောင်ရွက်ရာမှာ လုပ်ငန်းများ‌ အောင်မြင်‌ အောင်ကူညီပေးခဲ့ကြတဲ့ သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊အထူးသဖြင့် ရင်ခုန်သံ လူမှု ကူညီရေးအသင်းက တာဝန်ရှိသူတွေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ပန်းခင်းစီမံချက် ကာလအတွင်း ရပ်ကွက်ကျေးရွာအသီးသီးမှာ ကွင်း‌ဆင်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျန်နေတဲ့ ရပ်ကွက်ကျေးရွာတွေကိုလည်း ဆက်လက် ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေနဲ့အတူ လိုအပ်မယ့်စာရွက်စာတမ်းတွေ၊ ဖြည့်စွက်ရမယ့် ပုံစံတွေကို ကြိုတင်ပေးပို့ထားပြီးဖြစ်ပါတယ်။

နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့ရဲ့ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေး စတဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်မှာဖြစ်လို့" လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံသား ကတ်မရှိသေးကြတဲ့ပြည်သူတွေအနေနဲ့ နိုင်ငံသားကတ်ပြုလုပ် ထားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

နိုင်ငံသားကတ်၊အိမ်ထောင်စုစာရင်းများလုပ်‌ ဆောင်ရာမှာ မသိတာရှိခဲ့ရင် အကူအညီလိုအပ်ရင် ကျွန်တော်တို့ဌာနကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက် သွားပေးမှာဖြစ်ပါတယ်။ ဦးတင်ဝင်း (ဥက္ကဋ္ဌ) ရင်ခုန်သံ လူမှူကူညီရေး အသင်း ကျွန်တော်ကတော့ ထားဝယ်မြို့အိမ်ရှေ့ပြင်ရပ်ကွက်က ဖြစ်ပါတယ်။ရင်ခုန်သံ ပရဟိတ လူမှုကူညီရေးအသင်းဥက္ကဌ တာဝန် ဖြစ်ပြီးတော့ ပန်းခင်းစီမံချက်နဲ့ ဆင်ဆိပ်ရပ်ကွက်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာဌာနက လာရောက်ဆောင်ရွက်ပေးရာမှာ ကျွန်တော်တို့အသင်းက လူငယ်လူရွယ်လေးတွေ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြပါတယ်။ ၅ ရက် အကြာ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျွန်တော်တို့ရပ်ကွက်မှာ နိုင်ငံသားကတ်မရှိသေးတဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမရှိသေးတဲ့ သူတွေကို ရစေချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းအဖွဲ့ဝင်တွေ အားပေးကူညီဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။

  အဲ့လို ပါဝင်ကူညီပေးခဲ့ကြလို့ (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃)က၂၉၆ ခု ၊ (၁၈)နှစ်ပြည့် ၆(က)၁၁၁ ခု၊ လဲလှယ် ၇၂ ခု ၊ မိတ္တူ ၅၂ ခု နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(ဃ)ဖြင့်အိမ်ထောင်စု(၆)ခု၊ ပုံစံ(ဂ)ဖြင့်အိမ်ထောင်စု(၂၃)ခု၊ အိမ်ထောင်စု လူဦးရေစာရင်း(၃၀)ခု၊ အိမ်ထောင်စုလူဦးရေစာရင်း (မိတ္တူ)(၂၅)ခုတို့ကို ပေးအပ်နိုင်ခဲ့ကြောင်းသိရရပါတယ်။ ရရှိကြတဲ့သူတွေ အတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။

နောက်ထပ်လုပ်ငန်းတွေအတွက်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မအိအိထွန်း (နိုင်ငံသား ကတ်ပြုလုပ်သူ) အိမ်ရှေ့ပြင်ရပ်ကွက်၊ထားဝယ်မြို့။ကျွန်မကတော့ အိမ်ရှေ့ ပြင်ရပ်ကွက်က ဖြစ်ပါတယ်။

 နိုင်ငံသားကတ် လာရောက်လက်ခံရယူတာဖြစ်ပါတယ်။ အရင်က ကျွန်မမှာ နိုင်ငံသားကတ်မရှိပါ ဘူး။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သု့အင်အားဝန်ကြီးဌာန၊ထားဝယ် မြို့နယ်ဦးစီးမှူးရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ လို့ ခုလိုရရှိပြီးနိုင်ငံသားကတ်ကို ကိုင်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ တာဝန်ရှိသူများ၊ဆောင်ရွက်ပေးကြသူများကိုကျေးဇူးတင်ပါတယ်။ နိုင်ငံသားကတ်မပြုလုပ် ကြရသေးတဲ့ သူတွေကိုလည်း အချိန်မီ ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။