သာစည်မြို့တွင် အောက်ဆီဂျင်စက်အား ယာယီထားရှိ လည်ပတ်ဖြန့်ဝေသည့်နေရာမှ အမြဲတမ်းထားမည့် စက်ရုံသို့ ပြောင်းရွေ့လည်ပတ် ဖြန့်ဝေ

သာစည် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  အောက်ဆီဂျင်စက် အမြဲတမ်းထားမည့် စက်ရုံအဆောက်အဦသစ်တွင် စက်ထားရှိ လည်ပတ်နိုင်ပြီဖြစ်သည့်အတွက် ယာယီထားရှိ  လည်ပတ်ဖြန့်ဝေသည့် နေရာမှ စက်တင်ဘာ ၂၅ ရက်က ပြောင်းရွှေ့ခဲ့ပြီး   ယနေ့ နံနက်က  စတင်လည်ပတ်ကာ အောက်ဆီဂျင် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

အောက်ဆီဂျင်ကို ယခင် စက်ယာယီထားသည့်နေရာတွင် လည်ပတ်ဖြန့်ဝေပေးရာ၌ တစ်နာရီလျင် ၄၀ လီတာ အိုးလေးအိုးနှုန်းဖြင့် တစ်နေ့လျှင် ၄၀ လီတာအိုး ၄၈ အိုးဖြန့်ဝေပေးခဲ့ပြီး စက်ရုံအဆောက်အဦသစ်၌ လည်ပတ် ဖြန့်ဝေပေးရာတွင် အောက်ဆီဂျင် လိုအပ်မှုပေါ်မူတည်၍  တိုးမြှင့်လည်ပတ် ထုတ်ဝေဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်လိုအပ်မှုမရှိစေရေးအတွက် အဆိုပါ အောက်ဆီဂျင်စက်ကြီးဖြင့် လည်ပတ် ထုတ်ယူပေးပို့လျက်ရှိပြီး  မြို့နယ်အတွင်းရှိ  ပြည်သူများ အောက်ဆီဂျင်    လိုအပ်ပါ က အမှတ်()ရပ်ကွက် ကြာကန်ကျောင်းတိုက် တောင်ဘက်မုဒ်ဦးအနီးရှိ   အောက်ဆီဂျင်စက်ရုံသို့ ၄၀ လီတာအိုးများဖြင့် လာရောက်ဖြည့်တင်းနိုင် ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအဆောက်အဦသစ်တွင် ကျန်ရှိနေသော အပိုင်းများအား ရက်သတ္တပတ်အတွင်း ပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထွန်းထွန်း