ပခုက္ကူ-ကမ္မ-ပေါက်ကားလမ်း ပခုက္ကူမြို့နယ်ကန်တော်ချောင်း ရေကျော်၍ကားလမ်းယာယီပိတ်မှုဖြစ်ပွား

 

ပခုက္ကူ စက်တင်ဘာ ၂၇

 

ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မ- ပေါက်ကားလမ်းပေါ်ရှိ ကန်တော် ချောင်းရေကျော် ချောင်းရေများ ကျ‌သဖြင့်စက်တင်ဘာ၂၇ရက် နံနက် ၁၁နာရီခွဲခန့်ကကားလမ်းယာယီပိတ်မှုဖြစ်ပွားခဲ့သည်။

 

ပခုက္ကူမြို့နယ်အနောက်မြောက် ဒေသတွင်မိုးသည်းထန်စွာရွာ သွန်းသဖြင့်ကန်တော်ချောင်းရေ များကျသောကြောင့် နံနက် ၁၁ နာရီခန့်ကချောင်းရေစကျလာပြီး နံနက် ၁၁ နာရီခွဲခန့်မှ နေ့လယ်၂ နာရီခွဲခန့်အထိ ယာဉ်များဖြတ်သန်းသွားလာနိုင်ခြင်းမရှိ ကြောင်းသိရသည်။

 

နေ့လယ်၂နာရီခွဲခန့်တွင် ကားကြီးများပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

 

ကိုဇော်(ပြန်ဆက်)