ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအသုတ်(Sinopharm)ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်ရေးအသိ‌ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကမမောင်း  -  စက်တင်ဘာ ၂၇

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ရောဂါကူးစက်ဖြစ် ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေးနှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ ၃နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ထိုသို့ နှိုးဆော်ရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ် မနေအရေးကြီးကိစ္စများ၊ သွားလာရာ၌ပါးစပ်နှင့် နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင် သွားလာ နိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက် ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေး အတွက်ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့်ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် ထိုးနှံနိုင်ရေးအချိန်၊နေ့ရက်နှင့်ထိုးနှံပေးမည့်နေရာများအား ရပ်ကွက် များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးတိုက်တွန်းနှိုးဆော်ချက်များကိုကြေငြာ ပေးခဲ့ကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)