ဆီဆိုင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (KOREA Climate Change Centre) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု (၁၃)အုပ်စုရှိ ကျေးရွာများသို့ ထင်းလောင်စာလျှော့ချသုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖိုများကို ယနေ့ နံနက် ၁၀ နာရီခန့်က အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အခမဲ့ဖြန့်ဝေပေးရာတွင် ဒုတိယအကြိမ် (Batch-B) စွမ်းအားမြှင့်မီးဖိုများကို ကျေးရွာအုပ်စု(၁၃)အုပ်စုအတွင်းရှိ အိမ်ထောင်စု(၉၉၂၉)စုများအား မီးဖို(၉၉၂၉)လုံးတို့ကိုစက်တင်ဘာ ၂၄ ရက်မှ စက်တင်ဘာ ၂၈ ရက်နေ့ထိ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ဆီဆိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)