မိုင်းခတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး

မိုင်းခတ်     စက်တင်ဘာ  ၂၈  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉‌ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မိုင်းခတ်မြို့ နယ်အတွင်း ကာကွယ်ဆေးထိုးနှံမည့်စုရပ်(၅)နေရာတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉‌​ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသ‌​ရေး​ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေး ခဲ့ကြောင်းသိရသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ကျအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား သတ်မှတ်နေရာများအလိုက် အဖွဲ့(၅)ဖွဲ့ဖြင့် သတ်မှတ်စုရပ်နေရာ အသီးသီး၌ တိုင်းရင်းသား မိဘပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား  သတ်မှတ်အသက်အရွယ်လိုက် ကျန်ရှိမှုမရှိစေရန် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။