ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများကို စုရပ်(၃)ခု၌ ဆက်လက် ထိုးနှံပေးလျက်ရှိ

ဂွ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မြို့နယ်အတွင်းရှိ ပြည်သူ များအား စုရပ်(၃)ခု၌ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီထိ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် မြို့နယ်အတွင်းရှိ ပြည်သူ များအား စက်တင်ဘာလ(၂၀)ရက်နေ့က စတင်ပြီးထိုးနှံပေး လျက်ရှိရာ စက်တင်ဘာ(၂၅)ရက်နေ့ထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း (၃၇၆၄)ဦးရှိပြီးဖြစ် ကြောင်းနှင့် စက်တင်ဘာလ(၂၆)ရက်နေ့တွင် တစ်ရက်နားကာ ယမန်နေ့နံနက်ပိုင်းမှစ၍ ကာကွယ်ဆေးများကို ပြန်လည်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးပါက မိနစ် ၃၀ ခန့် ဘေးထွက်ဆိုးကျိုး ရှိ/မရှိ စောင့်ကြည့်ပေးကာ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်