ညောင်ဦး စတင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့်နေရာ ပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီအချိန်နှင့် ယနေ့နံနက် ၆ နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံ အသိပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင်ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ ဝေဇယန္တာဗိမ္မာန်တော်ကြီးတွင် ပြည်သူများ အလွယ်တကူ ထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံပေးသွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိက အလေးထားဆောင်ရွက်လျက်ရှိရာ ညောင်ဦး မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၅၉နှစ်၊ အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်နှင့်အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား လည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန် ကျန်ရှိသူများအား လည်းကောင်း၊ ယနေ့တွင်လည်း နံနက် ၉ နာရီအချိန်မှ စတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာတန် ဆောင်း၊ ပုဂံ အထက၊ တောင်ဇင်းအထက၊ ငါ့သရောက်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများ သိရှိနိုင်စေရန် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရ သည်။