မန္တလေး စက်တင်ဘာ ၂၈
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဥပုသ်တော်ရပ်ကွက်၊ အကွက် (၃၀) ရှိ လင်းဇင်းဓမ္မာရုံ၌ ပြုလုပ်သည်။
ထိုသို့ စစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ သူနာပြုဆရာမကြီး ဒေါ်နော်စန်းစန်းဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်နေပြည်သူ (၈၇) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးပေးရာ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးစစ်ဆေးပေးရာသို့ ဥပုသ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်မောင်မြင့်နှင့် ရာအိမ်မှူး များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)