ကျေးသီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ကျေးသီး စက်တင်ဘာ ၂၈

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊    လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်တွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဥ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း  ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင် က   ကျေးရွာဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းအကြောင်းအား မိတ်ဆက် ရှင်းလင်းပြီး ကျေးရွာရွေးချယ်ရေးစံသတ်မှတ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်ကျေးရွာ (၄) ရွာအား ရွေးချယ် ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

နန်းမွမ်းဆိုင် (ကျေးသီး)