ကျွန်းလှမြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျွန်းလှ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြိုနယ်ပြည်သူ့ဆေးရုံနှင့် မကျီးအင်းကျေးရွာ ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမ အသုတ်ထိုးနှံပြီးသူ ၃၉၉၅ ဦးဖြစ်ကြောင်း၊ ယခု ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံရန် ဆေးအလုံးရေ ၁၀၀၀ ရောက်ရှိပြီး ဆေးတစ်လုံးလျှင် ငါးဦးနှုန်းဖြင့် လူဦးရေ ၅၀၀၀ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၇၈၂ ဦးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား  ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ