ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခု အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ကန့်ဘလူ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန် ပုံငွေများဖြင့် ဆောင်ရွက် လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခုမှာ လက်ရှိတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများမှာ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်း၊ သစ်သားတံတား တစ်စင်း၊ Box Culvert ငါးစင်းနှင့် ကျေးလက်ရေပေးရေး လုပ်ငန်းကိုးခုတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် တင်ဒါအောင် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်လွင်ဦးက ပြောသည်။

ကန့်ဘလူခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၅ ဒသမ ၅ သန်းဖြင့် ခရိုင်ကျေးလက်ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ နှစ်ထပ် တည်ဆောက်ခြင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈၄ ဒသမ ၇၀ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်း၊ သစ်သားတံတား တစ်စင်း၊ Box Culvert ငါးစင်း၊ ပြည်ထောင်စု /တိုင်းဒေသကြီး /မွမ်းမံ /Unicef(နိုင်/ထောက်) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၃ ဒသမ ၇၃ သန်းဖြင့် ကျေးလက်ရေပေးရေး လုပ်ငန်းကိုးခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)