ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တံတား-ရန်ကုန် YBS မော်တော်ယာဉ်လိုင်းမှ ယခင်သုံးစီး ပြေးဆွဲရာက ယခုတစ်စီးသာ ပြေးဆွဲနေ

တံတား စက်တင်ဘာ ၂၉

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တံတားမြို့မှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲလျက်ရှိသော YBS 34 မော်တော်ယာဉ်လိုင်းမှာ ယခင်ကသုံးစီး ပြေးဆွဲလျက်ရှိရာ က ယခုအခါ တစ်စီးသာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနိုင်တော့ကြောင်း သိရှိရသည်။

တံတားမြို့မှ ပြေးဆွဲသည့် YBS 34 မော်တော်ယာဉ်လိုင်းမှာ သုံးခွ-အရှေ့ပိုင်းတက္ကသိုလ်-သံလျင် ကျောက်တန်းလမ်း - သံလျင် အမှတ်(၁)တံတား - သာကေတ(အဝိုင်း) - မြင်တော်သာလမ်း - မဟာဗန္ဓုလ တံတား - ဗိုလ်တစ်ထောင်ဘုရားလမ်း - ကမ်းနားလမ်း - သိမ်ဖြိူလမ်း - မဟာဗန္ဓုလမ်းတို့ကို ပုံမှန်ပြေးဆွဲ သောယာဉ်လိုင်း တစ်ခုဖြစ်ပြီး ယခင်က မော်တော်ယာဉ်သုံးစီး ပြေဆွဲလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်တက်လာသည့် နောက်ပိုင်းတွင် မော်တော်ယာဉ်သုံးစီးအစား တစ်စီးတည်း ကိုသာ နံနက် (၆)နာရီမှစ၍ နေစဉ်ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

YBS 34 မော်တော်ယာဉ်များကို တံတားမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့မဈေးအနီး “အေးရာ အေးကြောင်း” လက်ဖက်ရည်ဆိုင် ရှေ့တွင် ဂိတ်ထိုးရပ်နားကြောင်း သိရှိရသည်။ ယခုအခါ မြို့မဈေးအရှေ့ဘက်ရှိ ကွန်ကရစ်လမ်းများ ပြန်လည်ပြုပြင်နေချိန်ဖြစ်၍ အမှတ်(၂)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တံတား-သုံးခွ လမ်းမကြီးဘေးတွင် ယာယီဂိတ်ပြုလုပ်၍ ပြေးဆွဲ လျက်ရှိကြောင်းလည်း သိရှိရသည်။

မော်တော်ယာဉ်ပြေးဆွဲမှုနှင့်ပတ်၍ “အခက်အခဲက ထွေထွထူးထူးတော့ မရှိပါဘူး အဓိကတော့ ခရီးသည် နည်းတာတစ်ခုပါပဲ  ယခင်က ပျန်းမျှ(၂၀)ဦးခန့် ပုံမှန်စီးနေတာ ယခုကိုဗစ်-ရောဂါကြောင့် ခရီးသည် လိုက်ပါ စီးနင်းမှုက (၁၀)ဦးလောက်ပဲ ရှိတော့တာပါ ရောဂါတွေပြီးသွားရင်တော့ ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ထင်ပါတယ်” ဟု မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်မောင်ဇော်၏ ပြောကြားချက်အရ သိရှိ ရသည်။

တံတား(ပြန်/ဆက်)