မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

မုံရွာ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၉၀)ဦး၊ မ(၁၁၅)ဦး၊ ပေါင်း(၂၀၅)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၇၅)ဦး၊ မ(၁၁၀)ဦး၊ ပေါင်း(၁၈၅)ဦး၊ ရွှေစည်းခုံသာသနာ့ ဗိမ္မာန်တော်တွင် ကျား (၁၀၀)ဦး၊ မ(၁၅၀)ဦး၊ ပေါင်း(၂၅၀)ဦးနှင့် အထက(၂)တွင်ကျား(၉၂)ဦး၊ မ(၁၄၃)ဦး၊ ပေါင်း(၂၃၅)ဦး စသည့် သတ်မှတ်နေရာ(၄)ခုတွင် ကျား(၃၅၇)ဦး၊ မ(၅၁၈)ဦး၊ ပေါင်း(၈၇၅)ဦး တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   မုံရွာမြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)