အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံ များကိုလည်း ဖော်ပြလိုက်ရပါသည်-
Sep 29,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန် အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 29,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ(၂၇)ရက်နေ့ မှစတင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးရန်ကျန်ရှိသည့်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နမ့်ပုံးပုံးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်းနှင့် သတ်မှတ်ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
Sep 29,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်၌ မြိတ်ခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ  စုပေါင်းပြီး သွေးလှူဒါန်းခဲ့ကြသည်။
Sep 29,2021
တနင်္သာရီတိုင်းဒေသေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက် များတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူလူထုအတွင်း ခွေးရူးရောဂါ ကူးစက်မှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပ‌လောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတ နာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။