ဝက်လက်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၄၇၅ ထံသို့ အခြေခံ စားသောက်ကုန် ၅ မျိုးကို လက်ဝယ် အရောက်ဖြန့်ဝေ

ဝက်လက် စက်တင်ဘာ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုထံသို့ အခြေခံ စားသောက်ကုန်  ၅ မျိုးကို ဝက်လက်မြို့နယ် အမှတ်၃ ရပ်ကွက်နေ ဦးကြည်ခိုင်ဝင်း၊ ဒေါ်စံပယ်  မိသားစုတို့မှ မိမိတို့နေအိမ်ရှေ့တွင် ယမန်နေ့  ညနေ ၄ နာရီမှစတင်၍  အိမ်ထောင်စု ၄၇၅ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ကာလအတွင်း လိုအပ်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အတွင်း စားဝတ်နေရေး ခက်ခဲသော အခြေခံလူတန်းစား အိမ်ထောင်စု စာရင်းများကို ကြိုတင်  စာရင်း ကောက်ယူပြုစုခဲ့ရာ အိမ်ထောင်စု ၄၇၅ ကိုရရှိခဲ့ပြီး၊ အဆိုပါ အိမ်ထောင်စုများ ထံသို့ လက်ဝယ်အရောက် လှူဒါန်း ပေးအပ်သည်။

ထောက်ပံ့ ပေးအပ်သော အခြေခံစားသောက်ကုန်များမှာ ၊အိမ်ထောင်စု တစ်စုလျှင် ဆန်   ၂    ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငါးသေတ္တာ ၁ ဗူး၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန် ၁ ပိဿာကို လက်ဝယ်အရောက် ပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လူစု၊ လူဝေး မဖြစ်စေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ တန်းစီ၍ နှာခေါင်းစည်း Mask တပ်ဆင်စေပြီးမှ  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးစိုးလှိုင် ( ဝက်လက်)