ဘားအံမြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်အသိပညာပေး ဆိုင်းဘုတ်ပိုစတာများစိုက်ထူ

ဘားအံ စက်တင်ဘာ ၂၉

ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက်  ကရင်ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုဖြင့် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍  ပြည်သူ များ လိုက်နာသင့်သည့်  ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဘားအံမြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းဂွ၌ အသိပညာပေးဆိုင်းဘုတ်ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆိုင်းဘုတ်ပိုစတာများ စိုက်ထူရာတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ မိမိကစ၍ ကာကွယ်ပါ ရုပ်ပုံကားချပ်များ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများသို့ ပန်ကြားချက်များ ပါဝင် သည့် (၈ပေ၊၁၂ပေ) အရွယ်အစားရှိ ဆိုင်းဘုတ်ပိုစတာများကို ပြည်သူမျာသိရှိ လိုက်နာနိုင်ရန် အတွက် ဘားအံမြို့နယ်အတွင်းရှိ ရုံးကြီးအဝိုင်းထိပ်၊ လွှတ် တော်ရုံးရှေ့၊ ကန်သာယာရှေ့၊ ပြည်သူ့ ဆေးရုံ ပန်းခြံရှေ့ ၊ အ-ထ-က (၃) ရှေ့ ၊ DENKO ဆီဆိုင်(အမှတ်-၉) ရပ်ကွက် ရှေ့တွင် စိုက်ထူထား ရှိကြောင်း ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခရိုင် ( ပြန်/ဆက် )