မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်ကျမှု ဆက်လက် လျော့နည်း ကျဆင်းလာ

မြို့သစ် စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် ဆက်လက်လျော့နည်း ကျဆင်းလာပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

စွန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက်(သုည ဒသမ ရှစ် ပေခန့်) ရေကျော်ကျမှုရှိရာမှ  ယနေ့နံနက်ပိုင်းတွင် (သုညဒသမ ငါးပေခန့်) သာရှိသည့် အတွက် (သုညဒသမ သုံးပေခန့်) ဆက်လက် လျော့နည်းကျဆင်းပြီး    ဆဒ္ဒန်ဆည် ရေလှောင်တမံသည် ယမန်နေ့  နံနက်ပိုင်းက  ရေပြည့် အမှတ်ထက် (သုညဒသမ လေးပေခန့်) ရေကျော်ကျရာမှ ယနေ့နံနက်ပိုင်းတွင် (သုညဒသမ သုံးပေခန့်)  သာရှိသည့် အတွက်(သုညဒသမ တစ်ပေခန့်) ဆက်လက် လျော့နည်းကျဆင်းလာကြောင်း သိရသည်။

ဆဒ္ဒန်ဆည်နှင့် စွန်ဆည်၏ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီ ရေကင်း တာဝန်ချထားပြီး ဆည်အနီးအနားရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)