မိုင်းဖြတ်မြို့နယ်၌ “ပန်းခင်းစီမံချက်” လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ

မိုင်းဖြတ် စက်တင်ဘာ ၂၉

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်လုပ်ငန်းဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ   ယမန်နေ့နံနက်ပိုင်းက အိုက်ငို့ကျေးရွာအုပ်စုသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ  လူဝင်မှု ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်ဖြင့် ပြည်သူများသို့  အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊  ပန်းခင်းစီမံချက်ပါ  ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက အိုက်ငို့ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ဆောင်ရွက်ပေးခဲ့ရာ လာရောက်လျှောက်ထားသည့် နိုင်-၃(က) လျှောက်ထားသူ (၃၈)ဦး၊ နိုင်-၆(က) (၄)ဦးနှင့် လဲလှည်မှုလျှောက်ထားသူ (၆)ဦး စုစုပေါင်း (၄၈)ဦးနှင့် အိမ်ထောင်စုလူဦးစာရင်း လျှောက်ထားသူ အိမ်ထောင်စု(၅)စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး