ပင်လောင်း စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့်စက်ရုံ၊ အလုပ်ရုံများမှ အသက် ၁၈ နှစ်မှ ၆၅ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း သတ်မှတ်ဆေးထိုးစုရပ်များအပြင် ကျေးလက်နေပြည်သူများထံသို့ အရောက်သွား၍ ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့အထိ အစိုးရကျန်းမာရေး၀န်ထမ်း ၅ဦး၊ စေတနာ/ပရဟိတ ၀န်ထမ်းများ ၃၁ ဦး၊ ဘုန်းကြီး/သီလရှင် ကျောင်းနှင့်သာသနာ့၀န်ထမ်းများ ၇၀ ဦး၊ နိုင်ငံ့၀န်ထမ်းများ ၂၆၃ ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ၀န်ထမ်းများ ၄၄၁ ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ၃၉ ဦး၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှ ၁၃ ဦး၊ ပုဂ္ဂလိက ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများမှ ၂ ဦး၊ အခြား၀င်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ ၃၁၇၉ ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်မှ ၀န်ထမ်းများ ၉၄ ဦး၊မှီခိုသူများ ၆၉၁ ဦး၊ မသန်စွမ်းသူများ ၁၁ ဦး၊ အစိုးရမဟုတ် သောပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ၀န်ထမ်းများ ၂ ဦး၊ စုစုပေါင်း ၄၈၄၁ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှ ပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ထွန်းလင်း(ပင်လောင်း)