Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တပ်ကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာရွေးချယ်ခြင်း ဆောင်ရွက်
Sep 29,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)အတွင်း အကောင်အထည် ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Sep 29,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကိုလျော့ နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့နံနက် အချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ "ပန်းခင်းစီမံချက်"ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေးလက်…
Sep 29,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ "ပန်းခင်းစီမံချက်" ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ လမ်းမတော်လမ်း ရှိဗိုလ်ချုပ်ကြေးရုပ်အနီး လမ်းဘေးတွင်စိုက်ထူခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 29,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းလာစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်
Sep 29,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၈) နေ့က မီးဘေးအန္တရာယ် ကျရောက်ခဲ့သော အိမ်ထောင်စု (၂) စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဒုတိယအသုတ်( ပထမအကြိမ်) လူဦးရေ(၁၀၀၀၀)ထိုးနှံပြီးစီး
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့အချိန်ထိ ဒုတိယအသုတ်( ပထမအကြိမ်) လူဦးရေ (၁၀၀၀၀)ထိုးနှံ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်း၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်လှစ်
Sep 29,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကောင်းမွန်သော ရေသတ္တဝါများမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီ က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့အတွင်းရှိ အခြေခံလူတန်းစားပြည်သူများအား အခြားမြို့နေ စေတနာ့အလှူရှင်များမှ ဆေးဝါးနှင့် စားသောက်ကုန်များ လှူဒါန်းပေး
Sep 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံ အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နေ့လည်(၁၁)နာရီ အချိန်ခန့်က ကာလိမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စု(၂၄)စုအတွက် အခြားမြို့နေ စေတနာ့အလှူရှင်များမှ စုပေါင်းပြီး အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကုလားပဲ နှင့် အိမ်သုံးဆေးဝါးများ၊ mask များကို ပထမအကြိမ်အဖြစ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25365
Page
25366
Page
25367
Page
25368
Current page
25369
Page
25370
Page
25371
Page
25372
Page
25373
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department