စဉ့်ကိုင် စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ချောင်းပတ် ကျေးရွာအတွင်းကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ သိရှိစေရန် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ယနေ့ နံနက် (၉)နာရီက ချောင်းပတ်ကျေးရွာ အတွင်း Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ နှာခေါင်းစည်း ( Mask ) အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့်ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အတတ် နိုင်ဆုံးနေ အိမ်အတွင်းသာနေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပ သို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန် ၊လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ကြရန်နှင့်နှာခေါင်း စည်း (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လေ၀င်လေထွက် မကောင်းသောအခန်း များကို ရှောင်ရန်နှင့် မိမိတို့ နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေ၀င် လေထွက်ကောင်းအောင် ပြုလုပ်ကြရန် ၊ အသုံးပြုပြီးသောနှာခေါင်းစည်း( Mask )များကို စနစ်တကျ စွန့်ပစ်ရန်နှင့်ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံစားနေရသည် ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန်ပြည်သူများ အားလုံး လိုက်နာကြပြီး ပူးပေါင်းပါ၀င်ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ(၁)နာရီအတွင်း အသက်(၅၅)နှစ် မှ (၆၄)နှစ်အတွင်း ၊တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊ မသန်စွမ်းသူများနိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံမှ ၀န်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့၀င်များအား ပထမအကြိမ်ကာကွယ် ဆေးများစတင်ထိုးနှံပေးနေပြီဖြစ်ကြောင်းကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)