စစ်ကိုင်းမြို့တွင် ရပ်ကွက်/ကျေးရွာ ဦးစားပေးအုပ်စု ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

စစ်ကိုင်း စက်တင်ဘာ ၂၉

စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဦးစားပေးအုပ်စု ပြည်သူများအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံရာတွင် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက စုရပ်အုပ်စုများဖြစ်သည့် မြို့တော်ခန်းမ၊ သီတဂူအာယုဒါနဆေးရုံကြီးနှင့် ကျေးရွာအုပ်စုများဖြစ်သည့် အုန်းတော၊ ရွာသစ်ကြီး၊ ညောင်ပင်ဝန်း၊ ဆားတောင်တိုက်နယ် အုပ်စုများသို့ ကာကွယ်ဆေးများ ဆက်လက်ထိုးနံ ပေးလျက်ရှိသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ကန့်သတ်ချက်များ ဖြေလျော့ကာ စဉ်ဆက်မပြတ် ထိုးနှံပေးသွားမည် ဖြစ်သလို ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်လည်း မြို့၏ အချက်အခြာကျသည့် နေရာများတွင် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ နေအိမ်ပြင်ပထွက် ပြည်သူများအား ကျန်းမာရေး အသိပညာများ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်