ဘုတ်ပြင်း စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အသက်အုပ်စုအလိုက်နှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်သူပြည်သူများအား တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးစုရပ်များ၌ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အခြေစိုက်ဆေးထိုး စုရပ်နှင့်ရွှေ့လျားစုရပ်များမှာ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကိုဆက်လက်ထိူနှံပေးခဲ့ရာ စက်တက်ဘာလ(၂၈)ရက်နေ့အထိ Sinpharm အမျိုးအစားကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူလူဦးရေ (၆၁၂၀)ဦးရှိပြီး၊လူဦးရေ (၉၇၁၅)ဦးစာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာဆေးထိုးစုရပ်များ တွင် ဦးတည်အုပ်စုများအလိုက်အသက်(၁၈)နှစ်ပြည့်သူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်ပြီး ယခင် Sinpharm အမျိုးအစား ကာကွယ်ဆေးပထမအကြိမ်ထိုးပြီး၍ အကြောင်း အမျိုးမျိုးကြောင့်ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)