စဉ့်ကိုင်မြို့နယ်တွင်  ကိုဗစ်- ၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များ ပြည်သူများသိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်ခြင်းနှင့် (Mask ) များဖြန့်ဝေ

စဉ့်ကိုင်  စက်တင်ဘာ   ၂၉

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်၊   ချောင်းပတ်  ကျေးရွာအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများ သိရှိစေရန်    လှည့်လည်အသိပေး   နှိုးဆော်ခြင်းကို   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီက  ချောင်းပတ်ကျေးရွာ အတွင်း Hand   Speaker  ဖြင့်လှည့်လည်  နှိုးဆော်ခြင်းများ နှာခေါင်းစည်း  ( Mask )ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့   ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် အတတ်နိုင်ဆုံးနေ အိမ်အတွင်းသာနေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ  လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံ  သွား​​ရောက်ခြင်း မပြုရန်၊  မဖြစ်မနေ အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပ သို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန် ၊လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊   နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊   ကိုင်တွယ်ခြင်း၊   ထိတွေ့ခြင်း    မပြုလုပ်ကြရန်နှင့်နှာခေါင်း စည်း (Mask) မတပ်ဆင်သူများနှင့်  တွေ့ဆုံခြင်း၊  စကားပြောခြင်း၊  လေ၀င်လေထွက် မကောင်းသောအခန်း များကို ရှောင်ရန်နှင့် မိမိတို့    နေအိမ်များကို   ပြူတင်းတံခါးများဖွင့်ပြီး  လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အသုံးပြု ပြီးသောနှာခေါင်းစည်း( Mask )များကို  စနစ်တကျ စွန့်ပစ်ရန်နှင့်ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံစား နေရသည်  ဟုသံသယရှိပါက နီးစပ်ရာ  ကျန်းမာရေးဌာနများနှင့်  ဆက်သွယ်၍ မပျက် မကွက်  စစ်ဆေးကုသမှုခံယူကြပါရန်၊   ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန် ပြည်သူ များ  အားလုံး လိုက်နာကြပြီး  ပူးပေါင်းပါ၀င်ပေးကြရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါကာကွယ်  ထိန်းချုပ်နိုင်စေရန်အတွက်  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ် နံနက်(၉) နာရီမှ  မွန်းလွဲ(၁)နာရီအတွင်း  အသက်(၅၅)နှစ် မှ (၆၄)နှစ်အတွင်း ၊တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံ ရသေးသည့်  အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊  မသန်စွမ်းသူများနိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံမှ ၀န်ထမ်းများ၊    လူမှုရေး အသင်း အဖွဲ့၀င်များအား   ပထမအကြိမ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)