သံဖြူဇရပ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

သံဖြူဇရပ် စက်တင်ဘာ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကျေးရွာအုပ်စု(၆၈)အုပ်စုရှိ တောင်သူ များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သံဖြူဇရပ်မြို့နယ်မှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ ရက်နေ့ကစတင် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနေမှုများ လုပ်ဆောင် ရာတွင် ရုံးအတွင်း အပူချိန်တိုင်းတားခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ ဝင်ရောက်စေပြီး ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးပြီး၊ လယ်သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှု အထောက်အကူဖြစ်စေရန် ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို  မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ယနေ့အထိကျေးရွာအုပ်စု     (၂၂)အုပ်စုရှိ တောင်သူ (၁၀၁၆)ဦးအတွက် စပါးစိုက်ဧက (၆၉၇၅)ဧကအတွက် ငွေကျပ် (၁၀၄၆၂၅၀၀၀ဝိ) ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မန်နေဂျာ  ဦးမင်းကိုကိုနိုင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)