အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စုရှိ လမ်းဦးစီးဌာနရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဆောက်လုပ်ရေး(CE) မှ ပန်းတနော် -ဝါးခယ်မ လမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
Sep 29,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကျေးရွာအရောက်ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန် က မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ဟားခါးမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၉ ဦးထပ် မံတွေ့ ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၈ ဦး ပြန်လည် ကျန်းမာ လာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
Sep 29,2021
 ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉  နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။
Sep 29,2021
ဟားခါးမြို့တွင် အ​ကြောင်းအမျိုးမျိုး​ကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်သူများကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်း အားကစားရုံတို့တွင် ပြန်လည်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မြို့တွင်းလမ်းတစ်လျှောက်ဖွင့်လှစ် ရောင်းချနေသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်ရှိမှုမရှိစေရန်အတွက်ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Sep 29,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ၏ လှူဒါန်းငွေဖြင့် တရုတ်နိုင်ငံ WUXI ZHONGRUI ကုမ္ပဏီနှင့် ချိတ်ဆက် ဆောင်ရွက်ဝယ်ယူသည့် Oxygen Plant စက်အသစ်အား ယနေ့နံနက်ပိုင်းမှစတင်၍ စမ်းသပ်လည်ပတ်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယမန်နေ့ နံနက် ၇ နာရီချိန်မှ ၁၀ နာရီအချိန်ထိ ကိုဗစ်ရောဂါ ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။