အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အရှိန်အဟုန်မြှင့် ခရီးသွားပြည်သူများအား RTD(Test ket) စစ်ဆေးမှုလုပ်ငန်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီး ဌာန၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့ နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှယမန်နေ့ ကျရောက်သော ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့် မြို့နယ်အတွင်းရှိ အိမ်မွေး တိရစ္ဆာန်များအား ခွေးရူးရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက် ၁၀ နာရီအချိန်က ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Sep 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပရဟိတအသင်းအဖွဲ့များ မှတ်ပုံတင်ရေးနှင့် သက်တမ်းတိုးရေးကိစ္စ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်လေးမျက်နှာမြို့နယ်အတွင်းခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကိုယမန်နေ့နံနက်၁၁နာရီမိနစ်၃၀အချိန်ခန့်တွင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြသည်။
Sep 29,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို
Sep 29,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သည် Stay at home မြို့နယ်တွင်ပါဝင်သည့်အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ရန်အခက်အခဲရှိသောကြောင့် မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိဦးအောင်မွန်ထံက သိရသည်။
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်တရားရုံး အဆောက်အအုံကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြု ရန်ပုံငွေ များဖြင့် အကောင်အထည်ဖော်တည်ဆောက်နေသည့် အာရ်စီနှစ်ထပ်အဆောက်အအုံသည် ယခုအခါ ၈၁ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း တင်ဒါ စနစ်ဖြင့် တာဝန်ယူ တည်ဆောက်နေသော မန္တလေးမြို့ ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးဝင်းကိုကိုထံမှ သိရသည်။
Sep 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်အတွင်းရှိမျိူးသန့်မျိူးစေ့ထုတ်တောင်သူများအနေဖြင့်အရည်အသွေးပြည့်ဝပြီးအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်၂၀၂၁ခုနှစ်မိုးစပါးမျိူးစေ့ထုတ်တောင်သူများအားဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကိုယနေ့နံနက်(၁၀:၀၀) နာရီအချိန် တွင် =လေးမျက်နှာမြို့နယ်စိုက်ပျိူးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။